Saturday, August 3, 2019

ရွှေတွက်နည်း


            ရွှေမြန်မာတို့အတွက် ရွှေတွက်နည်းလေးမျှဝေပါရစေ။ ဦးစွာ ကျွန်တော့ကို ရွှေနဲ့ပတ်သက်ပြီး သင်ပေးတဲ့ ဆရာကို ကျေးဇူးတင်၊ ဂါရဝပြုပါတယ်။
            ပထမဆုံး ကျပ်၊ ပဲ၊ ရွေးဖွဲ့နည်းလေးအရင်သိရပါမယ်။
            ၁ ကျပ်  = ၁၆ ပဲ
            ၁၆ ပဲ    = ၈ ရွေး
           ရွှေဆိုင်မှာ အခေါက်လက်စွပ်လေးတစ်ကွင်းသွားဝယ်ကြတယ်ဆိုပါစို့။ လက်စွပ်လေးက ၁ ကျပ် ၄ ပဲ နဲ့ ၂ ရွေး ရှိတယ်ပေါ့။ ရွှေဈေးက အခုလက်ရှိဈေးအရဆိုရင် ၁၁၅၀၀၀၀ ပဲဆိုကြပါစို့။ လက်စွပ်တန်ဖိုးဘယ်လောက်လဲ သိချင်ရင် အခုလိုလေးတွက်ကြည့်ရပါမယ်။
လက်စွပ်အလေးချိန် = ၁ ကျပ် ၄ ပဲ ၂ ရွေး
ရွှေဈေး ၁ ကျပ်သား = ၁၁၅၀၀၀၀ ကျပ်
            အရင်ဆုံး ရွေး နဲ့ ပဲ ကို ကျပ်ဖြစ်အောင်ဖွဲ့ပါမယ်။
            ၁ ပဲမှာ ၈ ရွေးမို့  --- ၂ ÷ ၈ = ၀.၂၅ ပဲ ဖြစ်သွားပါပြီ။ နောက် ၄ ပဲ နဲ့ အခု ရွေးကနေပြောင်းလို့ရလာတဲ့ ၀.၂၅ ပဲနဲ့ပေါင်း လိုက်ရင် ၄.၂၅  ပဲ ပါ။ ၁ ကျပ်မှာ ၁၆ ပဲရှိတာမို့ --- ၄.၂၅ ÷ ၁၆ = ၀.၂၆ ကျပ် ဖြစ်သွားပါပြီ။ ကဲ နောက်ဆုံး ကျပ်နဲ့ကျပ်တူသွားပြီမို ပေါင်းလိုက်ရင် လက်စွပ်ဟာ ၁.၂၆ ကျပ်သားရှိပါတယ်။ ဒါဆိုရှင်းသွားပါပြီ။ ရွှေပေါက်ဈေးနဲ့ မြှောက်လိုက်ရုံပါပဲ။
၁.၂၆ × ၁၁၅၀၀၀၀ = ၁၄၄၉၀၀၀ ကျပ်ပါ။ အခုဆိုရင် ဝယ်မဲ့လက်စွပ်လေးရဲ့တန်ဖိုးသိရပြီပေါ့။
            နောက်ပြီး တစ်နေ့တစ်နေ့ ရွှေဈေးဘယ်လောက်လဲဆိုတာလေးလဲသိချင်ကြရင်ဖြင့် -
            ( ကမ္ဘာ့ရွှေဈေး ÷ ၁.၈၇၅ × ဒေါ်လာဈေး = မြန်မာ့ရွှေဈေး )
            ရလာတဲ့အဖြေဟာ မြန်မာရွှေ့ပေါက်ဈေးပဲဖြစ်ပါတယ်။ အတိအကျကြီးတော့မတူပေမဲ့ အနီးစပ်ဆုံးပါ။ ပုံမှန် ၅၀၀၀၀ လောက်ကွာ တက်ပါတယ်။ အများကြီးတော့မကွာတက်ပါဘူးခင်ဗျ။ ဒါဟာ လမ်းစရိတ် ဖြစ်ပါတယ်။
ကဲ ဥပမာလေးတွက်ကြည့်ကြရအောင် -- (ယခု post ကိုရေးသားနေတဲ့အချိန် ဈေးပါ )
ကမ္ဘာ့ရွှေဈေး     = ၁၄၄၀ USD
ဒေါ်လာဈေး      = ၁၅၁၂ ကျပ်
၁၄၄၀ ÷ ၁.၈၇၅ × ၁၅၁၂ = ၁၁၆၁၂၁၆ ကျပ် (လိုတိုးပိုလျော့ ၅၀၀၀၀) ဖြစ်ပါတယ်။
လွယ်လွယ်လေးပါနော ----
            အားလုံး အဆင်ပြေပါစေဗျာ။

No comments:

Post a Comment