စိန် နဲ့ ပတ်သက်ပြီးတော့ သိပ်တော့နားမလည်ဘူးခင်ဗျ။
ဒါပေမဲ့ လေ့လာမိသလောက်ထဲက နည်းနည်း လောက်လေးမျှဝေချင်လို့ပါ။ ဘာမှမသိတာထက်စာရင်တော့
တွက်နည်းလေးသိတာပေါ့။ ဟဲ ဟဲ ဟဲ ---
စိန်ကတော့ "ရတီ" "ဘီ" "အပိုင်း" တို့နဲ့ချိန်တွယ်ပါတယ်။
မြန်မာအချိန်တွယ်ပါ။ ကမ္ဘာမှာတော့ ကာရတ်နဲ့ပြောပါတယ်။ ( ၁ ရတီ= ၀.၉ ကာရတ် ၁ ကာရတ် = ၁.၁ ရတီ )ဒါကတော့
ရတီ နဲ့ ကာရတ်ရဲ့ ညီမျှခြင်းပါ။
၁
ရတီ = ၂၀ ဘီ
၁ ဘီ =
၈ ပိုင်း --- ဒါက "ရတီ" "ဘီ"
နဲ့ "အပိုင်း" ဖွဲ့နည်းပါ။
စိန် ၁ ရတီကို ၃၀၀၀၀၀ ကျပ်နှုန်းနဲ့ ၄
ရတီ ၈ ဘီ နဲ့ ၂ ပိုင်း အတွက် တွက်ကြည့်ရအောင်။
ဘီ နဲ့ အပိုင်းကို ရတီ ဖြစ်အောင်ဖွဲ့လိုက်ပါမယ်။
၈ ဘီ = ၈ ÷ ၂၀ရတီ = ၀.၄ ရတီ
၂ ပိုင်း = ၂ ÷ ၈ ဘီ = ၀.၂၅ ဘီ ÷ ၂၀ ရတီ = ၀.၀၁၂၅ ရတီ
ရတီစုစုပေါင်း = ၄.၄၁၂၅ ရတီ
သင့်ငွေ
၄.၄၁၂၅ ရတီ × ၃၀၀၀၀၀ ကျပ် = ၁၃၂၃၇၅၀ ကျပ်
နောက်တစ်နည်း
--
၄ ရတီ = ၄ × ၃၀၀၀၀၀ = ၁၂၀၀၀၀၀ ကျပ်
၈ ဘီ = ၈ ÷ ၂၀ရတီ = ၀.၄ ရတီ ×
၃၀၀၀၀၀ = ၁၂၀၀၀၀ ကျပ်
၂ ပိုင်း = ၂ ÷ ၈ ဘီ = ၀.၂၅ ဘီ ÷ ၂၀ ရတီ = ၀.၀၁၂၅ ရတီ ×
၃၀၀၀၀၀ = ၃၇၅၀ ကျပ်
စုစုပေါင်း
၄ ရတီ ၈ ဘီ ၂ ပိုင်း အတွက် သင့်ငွေ ၁၃၂၃၇၅၀ ကျပ် ဖြစ်ပါတယ်။
အားလုံးအဆင်ပြေပါစေ။ မှားတာရှိရင်လဲ
Comment မှာ ပြောပေးသွားပါခင်ဗျ။
No comments:
Post a Comment